H.M.S Scarab နဲ့ မြန်မာ့ရေတပ်
၁၉၄၅ ခုနှစ် တွင် ဂျပန်တပ်များမြန်မာပြည်မှ ဆုတ်ခွာသွားပြီးနောက် ဗြိတိသျှတပ်များပြန်လည် -၀င်ရာက်လာပြီး စစ်အတွင်းယိုယွင်းပျက်စီးနေသော အုပ်ချုပ်ရေးနှင့် တရားဉပဒေ စိုးမိုးရေးကို ပြန်လည်တည်ထောင်ရသည်။ထိုအချိန်ကတပ်မတော် (ရေ) မဖွဲ့စည်းရသေး၊ နောင်တချိန်တွင် မြန်မာ့တပ်မတော်(ရေ) ဖြစ်လာမည့် ဗြိတိသျှမြန်မာ့တော်၀င်အရန်ရေတပ်မတော်ကသာ မြန်မာ့ရေပြင်ကာကွယ်ရေး တာ၀န်များကို ထမ်းဆောင်နေရသည်။ မြန်မာ့တော်၀င်အရန်ရေတပ်မတော်သည် ရေယာဥ်စုအကြီးအကဲ ဗြိတိသျှအရာရှိ ၂ဦး မှလွဲ၍ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားပြီး စစ်ရေယာဥ်အစီး ၃၀ခန့်ဖြင့် ဖွဲ့စည်းထားသည်။
စစ်ဒဏ်ကိုအလူးအလဲခံလိုက်ရသဖြင့် မြန်မာနိုင်ငံသည် စီးပွားရေး နှင့်ပြန်လည်ထူထောင်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ရသည်။ ထိုအချိန်တွင် ဧရာ၀တီ မြစ်တောင်ပိုင်းတလျှာက် ဆန်မှောင်ခိုကူးမှုများ ဖြစ်ပေါ်နေသည်။ မှောင်ခိုသမားများက စစ်ကျန် ကမ်းတက်ရေယာဥ်များကို ပြန်ပြုပြင်ပြီး ၀မ်းဗိုက်ထဲမှာဆန်များသယ်ဆောင် ပြီးမှောင်ခိုကူးကြသည်။ ၄င်းပြဿနာတွေကို ဖြေရှင်းရန် မြန်မာ့တော်၀င်အရန်ရေတပ်မတော် အပေါ် တာ၀န်တွေ ကျရောက်လာခဲ့သည်။
စစ်ရေယာဥ်အစီး ၃၀ခန့်ရှိသော်လည်း အများစုမှာ သုံးမရတော့ဘဲ တပ်တော်၀င်ဖျက်သိမ်းရတော့မည့် အခြေနေသို့ဆိုက်ရောက်နေသည်။ ထို့အပြင် ရေယာဥ်ငယ်များသာဖြစ်သဖြင့် စစ်ဆင်နိုင်စွမ်းတွင် ကန့်သတ်ချက်များစွာရှိနေသည်။ ထို့ကြောင့်ရေယာဥ်အကြီးအကဲများက H.M.S Scarab ကို တော်၀င်ရေတပ်မတော်ထံမှ တနှစ်အဌားစာချုပ်နဲ့ ဌားရမ်းအသုံးပြုခဲ့ရသည်။H.M.S Scarab သည် အင်းဆက်အမျိူးအစား (Insect Class) အမြောက်တင်သဘော် ဖြစ်ပြီး ၆လက်မအမြောက်ကြီး ၂လက်၊ ၃လက်မအမြောက် ၁လက်နဲ့ ၂၀မမ အော်လီကွန်စက်အမြောက် ၈လက်တပ်ဆင်ထားသည်။ WW 2အတွင်း မြေထဲပင်လယ်ဒေသအတွင်းရှိ အီတလီ နဲ့ ပြင်သစ်နိုင်ငံတောင်ပိုင်း တိုက်ပွဲများတွင် မြေပြင်တပ်များကို ပစ်ကူပေးကာတိုက်ပွဲ ၀င်ခဲ့သည်။ စစ်ကြီးပြီးသွားပြီးနောက် အရန်အင်အားအဖြစ်လျှော့ချခံရကာ ၆လက်မနဲ့ ၃လက်မ အမြောက်များဖြုတ်ပြီး မြန်မာ့တော်၀င်အရန်ရေတပ်မတော်သို့ အဌားဖြင့် တာ၀န်ထမ်းဆောင်ရန် ၁၉၄၆တွင် ရောက်ရှိ လာသည်။
H.M.S Scarab Specifications
အလျား- ၂၃၇ ပေ ၆ လက်မ
ရေစူး- ၄ပေ
Propulsion- 2x shafts VTE Engines(Steam Engines)
Armament- 8x 20mm Oerlikon cannon
အမှန်စင်စစ် ၄င်းရေယာဥ်သည် တိုက်ခိုက်ရေးတွင် တိုက်ရိုက်သုံးရန်မဟုတ်ဘဲ ရေယာဥ်ငယ်များကို အထောက်အကူပြုရန်နှင့် အင်အားပြ၀ါဒဖြန့် ရန်သာဖြစ်ခဲ့ရသည်။ ဧရာ၀တီမြစ်တလျှောက် လှုပ်ရှားနေတဲ့ စစ်ရေယာဥ်ငယ် ၁၂စီး အတွက် ဌာနချုပ် မိခင်ရေယာဥ် အဖြစ်နဲ့ ဧရာ၀တီတောင်ပိုင်းဒေသများတွင် တရားဥပဒေ စိုးမိုးရေးတာ၀န်များထမ်းဆောင်ခဲ့ရသည်။ Scarab စစ်ရေယာဥ်ရဲ့ အရွယ်အစားနဲ့ လက်နက်တပ်ဆင်မှုများေကြာင့် မှောင်ခိုသမားများလဲ ေကြာက်ရွံ ၍ ဧရာ၀တီမြစ်အတွင်း မှောင်ခိုလုပ်ငန်းများလဲ ပျောက်ကွယ်ခဲ့ရသည်။
၁၉၄၇မေလတွင် တနှစ်ပြည့်၍ မြန်မာ့တော်၀င်အရန်ရေတပ်မှ စင်ကာပူသို့မောင်းသွားပြီး အပြန်တွင် စစ်ရေယာဥ် “မေယု” ဖြစ်လာမည့် H.M.S Fal ကိုရန်ကုန်သို့ ပြန်လည်မောင်းယူလာခြင်းဖြင့် H.M.S Scarab နဲ့ မြန်မာ့ရေတပ်သည် တခန်းရပ်သွားခဲ့သည်။Scarab သည်တပ်မတော်(ရေ)တွင်မပါ၀င်ခဲ့ရသော်လည်း နောင်အခါ တပ်မတော်(ရေ)အတွက် ရေတပ်သားများကို အလေ့အကျင့်နဲ့ အတွေ့အကြုံ ကောင်းများစွာ ပေးခဲ့သည်။
ကိုးကား- ကျွန်တော်ချစ်သောရေတပ်မတော်(မြို့မလွင်)
No comments:
Post a Comment